ဝင်ဒိုးမှာ default installation folder ဖြစ်တဲ့ C မှာ နေရာမလောက်လို့ ထပ်တိုးချင်ပါသလား ? တစ်ခါတစ်လေ program တွေ တင်တာများလို့ C မှာ နေရာလွတ်မရှိတော့တာမျိုး၊ partition လဲ ထပ်မပေါင်းချင်၊ပေါင်းရတာလဲ အဆင်မပြေရင် အောက်ကနည်းအတိုင်းလုပ်လို့ ရပါတယ်။ ကျွန်တော်တို့ တင်လိုက်သမျှ application တွေအားလုံးဟာ C:Program ထဲကို ရောက်တယ်ဆိုတာ သိကျမှာပါ။ အဲဒီတော့ C မှာနေရာလွတ်မရှိတော့ဘူးဆိုရင်တော့ တခြားနေရာလွတ်တဲ့ partition မှာတင်လို့ ရပါတယ်။ လမ်းကြောင်းပြောင်းလိုက်မှာပါ။ အရင် C:Program Filesနေရာမှာ ဥပမာ E:Program Files ပေါ့။ အဲလိုပြောင်းလိုက်လို့ ဆော့ဝဲလ်တင်ရင်လဲ သူ့ ဘာသာသူ E:Program Files ကိုသူ့ ဘာသာသူ ရွေးသွားပါလိမ့်မယ်။ အရင်အတိုင်းပါပဲ ။ဘာမှ ပြောင်းလဲမှုမရှိပါ။ လုပ်နည်းကို အောက်မှာ ကြည့်ပါ။
Run ထဲမှာ regedit ရိုက်ပြီး Registry Editor ကိုခေါ်လိုက်ပါ။ ပြီးပါက အောက်က directory ကိုရောက်အောင်သွားပါ။
HKEY_LOCAL_MACHINESOFTWAREMicrosoftWindowsCurrentVersion
Current Version ကို နှိပ်လိုက်ပါ။ ညာဘက်က ProgramFilesDir ကို right click ထောက်ပြီး Modyfiy လုပ်လိုက်ရင် ဒီလိုလေးတွေ့ ရပါမယ်။
အဲဒီမှာ Value data ဟာ default install location ဖြစ်တဲ့ C:Program Files ပါ။ ဒီနေရာမှာ နေရာလွတ်ရှိတဲ့ partition တစ်ခုမှာ path ကို create လုပ်လိုက်ပါ။ မိမိစိတ်ကြိုက်နာမည်ပေးလို့ ရပါတယ်။ ဥပမာ E:My Application ပေါ့။
အဲဒါဆိုလုပ်နည်းပြီးပါပြီး။ Registry ကိုပိတ်လိုက်ပါ။ application တွေကို အင်စတောကြည့်ပါ ။
သူ့ ဘာသာ default install location ပြောင်းလိုက်ပြီးဖြစ်တဲ့ E:My Application ထဲကိုရောက်နေတာတွေ့ ရမှာ ဖြစ်ပါတယ်။ |