World Wide Scholarship


Scholarship ဆိုတာ တက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ခွင့် ဆုချီး မြှင့်ခြင်း (သို့) နောက်ထပ် အဆင့်မြင့် ပညာသင်ကြား နိုင်ရန် တစ် ယောက်ချင်းစီအတွက် ငွေကြေးအထောက် အပံ့ပေး ခြင်း ပဲ ဖြစ်ပါ တယ်။ ယေဘုယျအားဖြင့်တော့ scholarship ကို ငွေကြေး လိုအပ် ချက် ၊ ပညာထူးချွန်မှု စတဲ့ အချက်တွေပေါ်မှာ မူတည် ပြီး ချီး မြှင့်ပါ တယ်။ scholarship ဟာ ကျောင်းသားတွေ အတွက် သူတို့ရဲ့ ပညာ သင်ကြားရေးမှာ အကူအညီရစေနိုင်မယ့် ငွေကြေးအထောက်အပံ့ များ ပေးခြင်း ဖြစ်ပြီး ၎င်းတို့ကို အစိုးရ အဖွဲ့အစည်း၊ တက္ကသိုလ်၊ ကောလိပ်၊ ပုဂ္ဂလိကပိုင် တက္ကသိုလ်များနှင့် ပြင်ပအဖွဲ့အစည်းများမှ ပေးအပ် ချီးမြှင့် တာဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးများကို ပြန်ပေးစရာမလိုပါ။ Scholarship တွေက အမျိုးမျိုး ရှိပါ တယ်။ ဆုရရှိသူဘက်က ဘာမှလုပ်စရာမလိုပါဘူး Air Ticket ကအစ နေထိုင်ဖို့ စားသောက် ဖို့အထိ တာဝန် ယူပေးပါတယ်။ အချို့ Scholar ကျတော့ ကျောင်းလခကိုပဲ တာဝန် ယူတာဖြစ်ပါတယ်။ နေထိုင်စရိတ်၊ စားစရိတ် စတာတွေကို မိမိဘာသာ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အချို့ Scholar တွေ့ ကျတော့ ကျောင်း တက်ရင်ကုန်ကျမယ့် စရိတ်အားလုံးကို ဆုရရှိသူ ကတ၀က် Scholar ပေးသူကတ၀က် ကျခံရတာဖြစ် ပါတယ်။ အချီု့ကျတော့ Scholar ရဲ့ Requirement ကို အပြည့်အ၀ မမှီပဲ လိုနေတာ မျိုးတွေ ရှိတတ်ပါတယ် အဲဒိလိုလူမျိုးအတွက်ကို Scholar ပေးသူတွေက ပြန်လည်စီစစ်ပြီး Scholar ကိုအပြည့် မပေးပဲ အချို့ တ ၀က်သာပေးပါတယ်။ ဒါကြောင့် Scholar လျှောက်မယ်ဆိုရင် ကုန်ကျစရိတ်ကို အပြည့် ရမှာလား ကိုယ်က တစ်ဝက် ခံပေးရမှာလား ဆိုတာကို သေသေချာချာ လေ့လာစုံစမ်းသင့်ပါတယ်။

 

စာမေးပွဲ
TOEFL- ရေးဖြေစာမေးပွဲတွင် ရမှတ်အနည်းဆုံး ၅၅၀ ၊ ကွန်ပျူတာသုံး စာမေးပွဲ အတွက် ရမှတ် ၂၁၃ အင်တာနက်သုံးစာမေးပွဲတွင် ရမှတ် ၈၀ တို့အနက် တစ်ခုခု သောရမှတ်နှင့် IELTS ရမှတ် အနည်းဆုံး ၆.၀ ရရှိရန်။ (သို့) လျှောက်ထားသောကျောင်းမှ စစ်ဆေးသော English Test အောင်မြင်ရန်။

     
 

သတိပြုရန်
လျှောက်လွာပိတ်သည့် နောက်ဆုံးရက်ကိုသတိပြုရန်။ မိမိလျှောက်ထားမည့်. scholarship ၏ ဘာသာရပ် အခြေခံရှိရန်။ ထိုက်သင့်သောကျန်းမာရေးကောင်းမွန်ရန် နှင့် ဆေးစစ်ချက်အောင်မြင်ရန်။

 

ဘာသာစကား
လျှောက်ထားသောနိုင်ငံ၏ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား ကို ကောင်းမွန်စွာပြောဆိုနိုင်ရန်။ ဘွဲ့ သို့မဟုတ် ပညာ အရည်အချင်းများနှင့်ပြည့်စုံရန်

 

အခြားသောလိုအပ်ချက်
လျှောက်ထားမည့်တက္ကသိုလ်မှချမှတ်သောစည်းကမ်းချက်များနှင့်ပြည်စုံရန်။အခြားသောလိုအပ်ချက်များကို.. သက်ဆိုင်ရာ.. scholarship ပေးသောတက္ကသိုလ်များတွင် ရှာဖွေကြည့်ရှု့၍ ပြည်စုံရန် ပြုလုပ်သင့်ပါသည်။

 

မှတ်ချက်
အချို့သောလိုအပ်ချက်များသည် သက်ဆိုင်ရာ scholarship ပေးသော တက္ကသိုလ်အလိုက်ပြောင်းလဲမှု့များ ရှိနိုင်ပါသည်။

www.kohtun.co.cc ......Login
 
Username:
Password:
Download Myanmar Font
 
Myanmar Zawgyi-One Font

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

ရေးချင်တာရေးဖို့
 
 
Today, there have been 128 visitors (218 hits) on this page!
kohtun©Copyright 1999-2008
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free