Poem
ထာဝရအချစ်

ငယ် စဉ်ဘဝ
က နေဦးက
ချစ် ရသူမို့
ချိန်တွေပြောင်း
နှစ် တွေဟောင်းလဲ
တစ် သောင်းကမ္ဘာ
ရာ ထောင်ဘဝ
ပြောင်းထာဝရ
မေ့ မရသည့်
သည် ကအချစ်
သာ လွန်ဆုံးအစစ်
ထာဝရအချစ်……..။

(အမည်မသိ)


လရိပ်

 

လရောင်ရိပ်မှာ

ဆုံပါစို့လေး

စိတ်အပူ စိတ်အညစ်

ထားရစ်ခဲ့လေး ။

 

လရောင်ရိပ်မှာ

ဆိုပါစို့တေး

အချစ်ရှာ စိတ်အလှနှင့်

ဆိုကြစိုတေး ။

 

လရောင်ရိပ်မှာ

မခွဲတမ်းကြေး

အို .. လရောင်လွန်တောက်ပ

ချစ်သူနှစ်ဦး သစ္စာတည်ကြေး ။

(ကိုထွန်း-EC)

 


ကဗျာတစ်ပုဒ်

 
မင်းရဲ့နှလုံးသား

ချစ် virus များသွင်းချင်ပေမယ့်

ကိုယ်ဟာ အချစ်Language မှာ

မကျွမ်းကျင်ဘူး

 

မင်းနဲ့ကိုယ်ကြား

ခင်မင်မှုတွေလည်း

Dail-up ချိတ်သလို

နှေးကွေးပြုတ်ကျ တတ်မြဲပဲလေ

 

အမေမကြိုက်ဘူး

အိမ်ကဆူလိမ့်မယ်ဆိုတဲ့

Fire wall  တွေလည်း

လျော့သင့်ပြီ။

 

ယုံကြည်စေချင်တယ်

မင်းအတွက် ….

ကိုယ်ဆိုးခဲ့တာတွေကို Uninstall လုပ်ပြီးပြီ

မင်းမကြိုက်တာတွေကို Delete လုပ်ခဲ့ပြီ

Bad Sector ရှိတဲ့ ကိုယ့်ဘ၀ကို

Format ကျွေးလိုက်ပြီ…

 

ကိုယ်မင်းအတွက် ပြောင်းလဲခဲ့ပါတယ်

မင်းအတွက်ရေးသားတဲ့

ကိုယ်နှလုံးသား Program လေးကို

လျစ်လျူ မရှုစေချင်ဘူး

အစမ်းသုံးဖို့ ထုတ်ထားတဲ့

Demo Version လည်း မဟုတ်ဘူးဆိုတာ

သိစေချင်တယ်….

 

ဘယ်လိုလဲကွယ်

ကိုယ်နှလုံးသားကို မင်းထံမှာ

Register လုပ်ခွင့်ပြုပါတော့

မင်းရဲ့နှလုံးသားစာမျက်နှာကို

ကိုယ်ကို ကြည့်ခွင့်ပေးပါတော့

ချစ်တယ်ဆိုတဲ့ စကားလုံးတွေ

မင်းနှလုံးသား Website မှာ

တင်ပါတော့ ….သူလေးရယ်…..

( နေလတ်ခိုင်- Civil)



 

ကျေးဇူးကမ္ဘာ

 

 

 

ရောင်ခြည်ပျပျ မင်းအလှမှာ

 

တဒင်္ဂမူး မေ့ဖူးတယ်

 

ဖော်ရွေမှုတွေ တပ်ဆင်ထားတဲ့

 

အပြုံးတုတွေ တပ်ဆင်ထားတဲ့

 

ပန်းအလှ မင်းနှုတ်ခမ်းတွေကို

 

ရူးသွပ်စွာ စွဲလမ်းဖူးတယ် ….

 

 

 

ချိုသာရွန်းလဲ့

 

သာယာတဲ့ သခင်စကားသံ

 

ဂီတသံထင်မှတ် မာယာပစ်မှတ်တွေ

 

ထဲလဲရောက်ဖူးတယ်…

 

 

 

စွဲလမ်းခြင်း တောနက်ထဲ မျက်စိလည်

 

ဟန်ဆောင်မူ ချောက်ထဲ ချော်လဲ

 

ဒုက္ခပင်လယ်ထဲ နစ်မြှပ်ခဲ့ဘူးလို့လည်း

 

ငါ ၀မ်းမနည်းဘူး ချစ်သူ ….

 

 

 

ချစ်သူရဲ့

 

သေသပ်လှပတဲ့ ပဉ္စလက်ပြကွက်တွေက

 

ကိုယ်ဘ၀အတွက်

 

အားတက်ဖွယ် ပြကွက်တွေ့ဖြစ်ခဲ့လို့

 

ထာဝရ ကျေးဇူးပါကွာ …………

(ရောင်ပြန်-EC)

 

နောက်နေတာပါ

 

ခံစားချက်မဲ့ ကာရံမညီ

 

ကြာရှည်လှပြီ သညရာသီမှာ ….

 

နှလုံးသားက သုံးသားမရအောင်

 

ပက်ကြားအက် အခြောက်ကင်ချိန်………..

 

အချိန်အခါ မဟုတ်မိုး

 

ရွာမှန်းမသိရွာ…..

 

ခံစာမိတော့ မိုးကပြေး…….

 

သြော်လွင်တီးခေါင်မှာ

 

ငှက်ငယ်မနားသလို

 

မိုးစက်ပွင့်တွေကလည်း စရုံသက်သက်ပါ။

(နေလတ်ခိုင်-Civil)

ချစ်မိုး

 

ဘ၀တိုတို ရက်တိုတိုမှာ

 

ခုဆိုခဏ ကြုံလာရသည့်

 

ချစ်ခြင်းမေတ္တာ လူငယ်လူရွယ်

 

လောဘဒေါသ မာနတရား

 

ဖယ်ရှောင်ရှားလျက် တို့များကမ္ဘာ

  

ဤလူ့ရွာဝယ် မေတ္တာချစ်မိုး

 

ရွာသွန်းဖြိုးက …

   

မည်မျှကောင်းလိုက်လေမည်နည်း….။

(ကိုထွန်း-EC)


www.kohtun.co.cc ......Login
 
Username:
Password:
Download Myanmar Font
 
Myanmar Zawgyi-One Font

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

ရေးချင်တာရေးဖို့
 
 
Today, there have been 131 visitors (230 hits) on this page!
kohtun©Copyright 1999-2008
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free