Create by Web Hosting

000webhost တွင် web hosting ပြုလုပ်ခြင်း

 

ကျွန်တော် wordpress နဲ့ ပက်သက်ပြီး web hosting ကို အထူးတလည်မရှင်းပြထားပါဘူး။
Localhost ကိုသာအဓိကထားပြီး ရှင်းပြခဲ့ပါတယ် ။
ပြီးတော့လဲ ရေးပြီးရှိလို့ စာအုပ်တွေပဲ တင်ပေးထားပါတယ် ။
ဒါပေမဲ့ တော်တော်များများက အဲဒါကို မေးတာများလို့ ကျွန်တော် web hosting လုပ်နည်းကို ရှင်းပြလိုက်ပါမယ် ။
ဒီလို hosting လုပ်ရာမှာ free hosting တွေအများကြီးရှိပါတယ် ။
ကျွန်တော်ရှင်းပြမှာကတော့ www.000webhost.com ပဲဖြစ်ပါတယ် ။

 

 

 

အဲဒီတော့ ပထမဆုံး http://www.000webhost.com/ မှာ sign up လုပ်ပြီး အကောင့်ဖောက်လိုက်ပါ ။
သိပ်တော့ ထွေထွေထူးထူးမရှိပါဘူး ။ တစ်ခုပဲ ရှိပါတယ် ။
မိမိကိုယ်ပိုင် domain name သုံးမယ်ဆိုရင် I want to host my own domain ဆိုတဲ့ နေရာမှာ မိမိရှိထားတဲ့ domain name ကို ရိုက်ထည့်ပေးရပါမယ် ။
000webhost ရဲ့ sub-domain ကိုသုံးမယ်ဆိုရင်တော့ or,I will choose your free subdomain ဆိုတဲ့ နေရာမှ လိုချင်တဲ့ sub-domain ကို ထည့်ရပါမယ် ။
ဒီနေရာလေးမှာ လွယ်ကူအောင် ကျွန်တော်တို့ 000webhost ရဲ့ domain name ပဲယူပါမယ် ။
ဒီတော့ I will choose your free subdomain ဆိုတဲ့ နေရာမှာ မိမိစိတ်ကြိုက် sub-domain name ကိုဖြည့်လိုက်ပါ ။
ကျန်တာတွေက သူ့အတိုင်းလုပ်ဆောင်လိုက်ပါ ။
sign up လုပ်ပြီးသွားပါက ခဏစောင့်ပါဆိုတဲ့ စာသားလေးပေါ်လာပါမယ် ။ခဏစောင့်လိုက်ပါ ။
အားလုံးပြီးသွားရင် သူ့ဘာသာသူ Account Detalis Overview ဆိုပြီး မိမိအတွက် data တွေပေါ်လာပါမယ် ။
ဒီလိုလေးပါ ။

 

 

မိမိအီးမေးလ်ဆီကိုလည်း အဲဒီ data တွေပို့ ပေးပါတယ် ။
အဲဒီ data တွေသုံးပြီး ကျွန်တော်တို့ လုပ်ရပါမယ် ။
အပြာနဲ့ ၀ိုင်းထားတာက နောက်ပိုင်း File တွေ transfer လုပ်ရင် ထည့်ရမဲ့ ဒေတာတွေပါ ။
မှတ်တာက အကုန်မှတ်ရပါမယ် ။
သေသေချာချာမှတ်ထားဖို့ လိုပါတယ် ။
အခု database ဆောက်ဖို့ အတွက် Enter Control Panel ဆိုတာ ရှိပါတယ် ။
Control Panel ကို သွားလိုက်ပါ ။

 

 

အဲဒီမှာ Software / Services မှာ MySQL ဆိုတာ ရှိပါတယ် ။
အဲဒီကို ၀င်လိုက်ပါ ။ အောက်ပါအတိုင်းတွေ့ ရပါမယ် ။

 

 

အဲဒီမှာ မိမိစိတ်ကြိုက်နာမည်နဲ့ ဖြည်လိုက်ပါ ။ ပြီးရင် Create database ကိုနှိပ်ပါ ။
မိမိ create လုပ်ထားတဲ့ database အချက်အလက်ကို ပေးပါလိမ့်မယ် ။
အဲဒါကို notepad နဲ့ ဖြစ်ဖြစ် သိမ်းထားပါ ။ အဲဒါကို သုံးရပါမယ် ။အရေးကြီးတယ်နော် ။
database ဆောက်ပြီးပြီး ဖြစ်တဲ့အတွက် အခု wordpress ကို install လို့ ရပါပြီး ။
အဲဒီအတွက် ဖိုင်တွေကို transfer လုပ်ဖို့ လိုပါတယ် ။

 

ဒီနေရာမှာ file transfer လုပ်ဖို့ အတွက် ကြိုက်တဲ့ FTP software နဲ့ လုပ်လို့ ရပါတယ် ။
ဒီနေရာမှာ CuteFTP Pro 8.0 ဆော့ဝဲလ်နဲ့ ရှင်းပြလိုက်ပါတယ် ။
အဲဒီဆော့ဝဲလ်ကို အောက်ကလင့်မှာ ဒေါင်းလိုက်ပါ ။

 


http://ifile.it/mhpktfz

 

crack file ပါပါပြီးသားပါ ။အင်စတော လုပ်ပြီးလျှင်ဖွင့်လိုက်ပါ ။
ပြီးလျှင် General FTP Sites — >New — > FTP Site အဲဒီကို သွားပါ။

 

 

Box တစ်ခုကျလာပါမယ် ။
အဲဒီဘောက်ထဲမှာ စောစောက အကောင့်ဖောက်လို့ ရလာတဲ့ FTP Host name , useraname and password တို့ ကို ထည့်ပါမယ် ။
အဲဒီဒေတာတွေကို ပုံ (၁) မှာ အပြာရောင်နဲ့ ၀ိုင်းပြထားပါတယ် ။
အဲဒါကို ထည့်ရပါမယ် ။ ဒီလိုလေး ကိုးကားဖြည့်ပါ ။

 

 

ပြီးရင် connect ပေးလိုက်ပါ ။
ချိတ်လိုက်ပါက 000webhost ရဲ့ root ဖြစ်တဲ့ public_html ကိုတွေ့ ရပါမယ် ။
အဲဒီ public_html ထဲကို wordpress file တွေ ထည့်ရပါမယ် ။
public_html ဖွင့်လိုက်ပါ ။
အရင်ဆုံးဆို index.html နဲ့ text file တစ်ခုကို တွေ့ ရပါမယ် ။
ဖျက်လိုက်ပါ ။ ပြီးရင် public_html ထဲကို file တွေ transfer လုပ်ပါမယ် ။
ဘယ်ဘက်ဆိုက်က wordpress package save ထားတဲ့ နေရာပါ ။
အဲဒီတော့ wordpress version 2.6 ကို download ချလိုက်ပါ ။

 


http://mihd.net/6jf5wuz

 

လွယ်ကူအောင် desktop ပေါ်ပဲတင်ထားပြီး zip ဖြေထားလိုက်ပါ ။
ပြီးရင် CuteFTP ရဲ့ ဘယ်ဘက်ကနေ ဖိုင်အားလုံးကို ဖြေပြီး upload တင်ပါမယ် ။
သတိပြုရမှာက package ဖြေပြီးရင် wordpress 2.6 ဆိုပြီး ဖိုင်တွေ့ ရင် အဲဒါကိုပါထပ်ဖြည်ရမှာပါ ။
လိုချင်တာက အဲဒီအထဲက ဖိုင်တွေကိုပါ ။
ပြီးရင် upload တင်လိုက်ပါ ။ အောက်ကပုံကို ကြည့်ပါ ။

 

 

ဖိုင်တွေကို တစ်ခုချင်းတင်တာက ပိုကောင်းပါတယ် ။
connection အရမ်းကောင်းရင်တော့ တင်နိုင်ပါမယ် ။
ဖိုင်အားလုံး upload တင်ပြီးပါက back သွားပြီး public_html ကို right click ထောက်ပြီး properties ၀င်လိုက်ပါ ။

 

 

ဒါကတော့ ဆာဗာဘက်က permission ကိုပြောင်းဖို့ အတွက်ပါ ။
တစ်ခြား hosting သုံးတာဆိုလျှင်လဲ /yourdomain.com/htdocs ကိုလုပ်ပေးရပါမယ် ။
ဆိုလိုချင်တာက root directory ကို လုပ်ရမှာကို ပြောချင်တာပါ ။

 

 

ပုံမှာ ပြထားသလို Owner , Group , Public အားလုံးကို check ပေးလိုက်ပါ ။
Permission မှာ 777 ပြောင်းသွားတာကို တွေ့ ရပါမယ် ။
ပြီးပါက OK ပေးလိုက်ပါ ။ ပြီးရင် install လုပ်လို့ ရပါပြီး ။
ဒါပေမဲ့ ပိုသေချာအောင် public_html/wp-content နှင့် public_html/wp-config-sample.php တို့ ကိုပါ အထက်ပါနည်းအတိုင်း permission ပေးလိုက်ပါ ။

 

Wordress ကို စတင် install လုပ်ပါမယ် ။
မိမိ ဒိုမိန်းနိမ်းကို ခေါ်လိုက်ပါ ။ ဥပမာ ဒီလိုပါ ။
http://yourdomain.com

 

ဒီလိုလေးပေါ်လာပါလိမ့်မည် ။

 

 

Create a Configuration File ကိုဆက်နှိပ်ပါ။

 

 

Let’s go တွေ့ ရင် ဆက်နှိပ်ပါ ။

 

 

Database name , Username , password နဲ့ Database Host ကိုတောင်းပါလိမ့်မယ် ။
အဲဒီနေရာမှာ MySQL မှာ database ဆောက်တုန်းက အချက်အလက်တွေကို ယူပါမယ် ။
အားလုံးမှန်ကန်ရင် Run and install ဆိုပြီးပြပါမယ် ။

 

 

နှိပ်ပြီးပါက နောက်တစ်ဆင့် Blog title and email တောင်းပါမယ် ။

 

 

ဖည့်ပေးပြီး Install Wordpress ကို နှိပ်လိုက်ပါ ။

 

 

Success ဆိုပြီး username နဲ့ password ကို ပေးပါမယ် ။
အဲဒါကိုသေချာသိမ်းထားပါ ။
အခုဆိုရင် Wordpress တစ်ခု အောင်မြင်စွာ ဖန်တီးပြီးပါပြီး ။

 

ဖြစ်တတ်တာတွေက ဘာတွေလဲဆိုတော့ password မေ့တာပါပဲ ။
သူပေးတဲ့ password ကမှတ်ရခက်ပါတယ် ။
အဲဒီတော့ install ပြီးပြီးချင်း password ပြောင်းပါ ။
Login ၀င်ပြီး Log out ဘေးက Admin ကိုသွားပြီး password ပြောင်းလိုက်ပါ ။
ဒီလိုပါ ။

 

 

နောက်တစ်ခု CSS , PHP ဖိုင်တွေကို ပြင်ဖို့ အတွက် Update File ဆိုတဲ့ခလုတ်မပါတာ ၊ Sorry, I can’t write to the directory: ဆိုပြီး အယ်ရာပေါ်လာရင်လဲ အဲဒီ directory တွေကို permission ပေးလိုက်ပါ ။
အဲဒါဆို အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါတယ် ။
ကျန်တဲ့ အပိုင်း theme ပြောင်းတာတို့ ဘာတို့ ကတော့ အောက်ကပို့စ်တွေမှာ ရှင်းပြပြီးသားပါ ။
ဒါဆို အားလုံးအဆင်ပြေမယ်ထင်ပါတယ် ။

www.kohtun.co.cc ......Login
 
Username:
Password:
Download Myanmar Font
 
Myanmar Zawgyi-One Font

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

ရေးချင်တာရေးဖို့
 
 
Today, there have been 172 visitors (260 hits) on this page!
kohtun©Copyright 1999-2008
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free