Octber

ဝက်ဘ်ဆိုက်ပေါ်၌ မောက်စ်ကလစ်နှိပ်ခြင်းမှလည်း Hackလုပ်ခံရနိုင်

Posted on Oct 09 08

အင်တာနက်နှင့် ၀က်ဘ်ဆိုက်လုံခြုံမှုဆိုင်ရာ ကျွမ်းကျင်သူများက Clickjacking(ကလစ်နှိပ်ရုံနှင့် အနုကြမ်းစီးခံရခြင်း)ဟူသော ပြဿနာတစ်ရပ် အား တရားဝင် ထုတ်ဖော်သတိပေးလိုက်ပြီဟု သိရှိရသည်။ ထိုပြဿနာသည် အသုံးပြုသူအနေနှင့် ယခင်က ကြည့်ရှုလေ့မရှိသော ၀က်ဘ်ဆိုက်တစ်ခုအား စတင်ကြည့်ရှုချိန်တွင် အများဆုံးဖြစ်နိုင်ကြောင်း သိရှိရသည်။ ကျွမ်းကျင်သူ များ၏အဆိုအရ အင်တာနက် ကွန်ယက်အတွင်း သူတစ်ပါး၏ လျို့ဝှက်ချက်ကို ခိုးယူကြည့်ရှုရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသော ထောင်ချောက်ဆင် ၀က်ဘ်ဆိုက်များ မခန့်မှန်းနိုင်အောင် အများအပြားရှိနေသည်ဟု သိရှိရသည်။ အကယ်၍သာ Onlineအသုံးပြုသူ တစ်ဦးသည် ထိုထောင်ချောက် ၀က်ဘ်ဆိုက်အား ၀င်ရောက်ကြည့်ရှုပြီး Linkတစ်ခုပေါ်တွင် ကလစ်တစ်ချက် နှိပ်မိရုံနှင့် အဆိုပါထောင်ချောက်အတွင်းရှိ Scriptတစ်ခုသည် အလိုအလျောက် အသက်ဝင်လာမည်ဖြစ်ပြီး အသုံးပြုသူ၏ ကွန်ပျူတာအတွင်း ထိုးဖောက်ဝင်ရောက်မည်ဖြစ်သည်။ ထို့နောက်တွင်မူ ကွန်ပျူတာတွင် တပ်ဆင်ထားသော Webcamများ၊ Microphoneများအား ထိန်းချုပ်သွားမည်ဖြစ်ပြီး အဆိုပါကိရိယာများ အသုံးပြုနေမှုအားလုံးကို တစ်နေရာမှ စောင့်ကြည့်သွားနိုင်မည်ဟုဆိုသည်။ လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံမှ ကွန်ပျူတာပညာရှင်တစ်ဦးသည် ၎င်း၏ပြိုင်ဘက်ကုမ္ပဏီအား ထိုသို့သောနည်းပညာသုံးပြီး အချက်အလက်များခိုးယူမှုနှင့် တရားရင်ဆိုင်နေရသည်ဟု သိရှိရသည်။ Clickjackingပြဿနာသည် Adobe Flash Playerများ ရယူမှုမျိုးကဲ့သို့ Downloadလုပ်ငန်းစဉ်များမှလည်း ခြိမ်းခြောက်ခံရနိုင်ကြောင်း ပညာရှင်များက အတည်ပြုခဲ့သည်။ ၎င်းနည်းပညာသည် ရိုးစင်းသလောက် အလွန်ကြောက် စရာကောင်းကြောင်း ကွန်ပျူတာပညာရှင်များက သုံးသပ်ပြောဆိုခဲ့ကြသည်။ အထူးသဖြင့် Internet Explorer၊ Mozilla၊ Safari၊ Operaနှင့် နောက်ဆုံးထုတ် Google Chrome စသည့် မည်သို့သော Web Browserမှမဆို ထိုးဖောက် ၀င်ရောက်လာနိုင်ခြင်းကြောင့် အလွန်စိုးရိမ်ရဖွယ်ရှိသည်ဟု သိရှိရသည်။ ထို့ကြောင့် ကွန်ပျူတာ အသုံးပြုသူများအနေနှင့် Clickနှိပ်တိုင်း မိမိ၏ကိုယ်ရေးအချက်အလက်များ Onlineမှတဆင့် အနုကြမ်းစီးခံရမည့် Clickjacking ပြဿနာနှင့် ကြုံတွေ့ရနိုင်ကြောင်း သတိရှိနေသင့်ပါသည်။


 

www.kohtun.co.cc ......Login
 
Username:
Password:
Download Myanmar Font
 
Myanmar Zawgyi-One Font

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

ရေးချင်တာရေးဖို့
 
 
Today, there have been 10 visitors (11 hits) on this page!
kohtun©Copyright 1999-2008
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free