ကြွက်ပျံ
တစ်ခါတုန်းကတောအုပ်တစ်ခုထဲကသစ်ပင်အောက်မှာကြွက်လေးတစ်ကောင်ဟာပျင်းပျင်းနဲ့လှဲအိပ်နေသတဲ့။အဲဒီလိုအိပ်နေရင်းကနေ.....အင်းငါဟာဟိုးမိုးပေါ်ကငှက်လေးတွေလို လေထဲမှာပျံဝဲနေရရင်သိပ်ကောင်းမှာပဲ။ငါသာငှက်လေးတွေလို ပျံနိုင်ရင်တိမ်တွေကြားထဲမှာ ပျံလိုက် လေဟုန်စီးလိုက်နဲ့ သိပ်ဇိမ်ကျပြီး သိပ်ပျော်စရာကောင်းမှာ..လို့တွေးမိတယ်။ ဒါကြောင့်လေထဲမှာပျံလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေမိတယ်။အကြံတစ်ခုစဉ်းစားမိတာကတော့လေထဲမှာပျံတတ်တဲ့သတ္တဝါတစ်ကောင်ဆီသွားပြီး နည်းလေးဘာလေး သိအောင်မေးမြန်းကြည့်ဖို့ပဲ..ဟာ ဟုတ်ပြီတောစပ်နားက ကိုကျီးဆီ သွားပြီးနည်းလေးဘာလေးတောင်းရမယ်လို့နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ်။     ဒီလိုနဲ့ကိုကျီးဆီရောက်တော့…ဗျို့ကိုကျီးကျုပ်လည်းခင်ဗျားတို့လိုလေထဲမှာပျံချင်လို့ အဲဒါ နည်းလေးဘာလေးရှိရင် ပြောပြစမ်းပါအုံး။ လို့ပြောလိုက်တယ် ။ဒီအခါမှာ ကိုကျီးက..ဟကြွက်ကလေးရမင်းမှာကကျုပ်တို့လိုအတောင်ပံမှမရှိတာဘယ်လိုလုပ်ပျံလို့ရမှာလဲ..လို့ပြန်ပြောလိုက်တယ်။ကြွက်ကလေးကလည်း…ဒီလိုဆိဒဲီအတောင်ပံမျိုးကျွန်တော့်မှာရှိအောင်ဘယ်လို
လုပ်ရမှာလဲ အကြံလေးဘာလေးရှိရင်ပေးပါဦးခင်ဗျား…လို့တောင်းတောင်းပန်ပန်
နဲ့ထပ်ပြောလိုက်တယ်…ဒီတော့ကိုကျီးက…နေဦးကွငါတို့လေထဲပျံတာအတောင်
်နှစ်ဖက်ကိုဖြန့်ပြီးအားနဲ့ပျံတာပဲ   ဒီတော့… ဟာဟုတ်ပြီအကြံတစ်ခုတော့ရပြီ
မင်းမှာ အတောင်ပံမရှိတော့ ဟောဟိုသစ်ပင်က  အရွက်ကြီးကြီးနှစ်ရွက်  ကိုမင်းရဲ့လက်မှာကပ်ချည်ပြီး  အားရပါးရလက်ကိုခတ်ပြီး  ပျံကြည့်ပေါ့..လို့အကြံပေးလိုက်
တယ်ကြွက်လေးလည်းအရမ်းပျံချင်နေတဲ့သူဆိုတော့ဖြစ်နိုင်မဖြစ်နိုင်သိပ်မစဉ်းစားတော့ဘဲ..ဟုတ်တယ်ဟုတ်တယ် ခင်ဗျားပြောတဲ့နည်းမဆိုးဘူး လုပ်ကြည့်ရမယ်။
ကျုပ်ပျံနိုင်ရင်တော့တော်တော်ပျော်စရာကောင်းမှာ..လို့ပြန်ပြောလိုက်တယ်။အဲဒီနောက်မှာတော့ကြွက်ကလေးဟာကိုကျီးပြောတဲ့အတိုင်းသူရဲ့လက်နှစ်ဘက်ကိုသစ်ရွက်
နှစ်ရွက် နဲ့ ကပ်ချည်ပြီး… ဟားဟားသစ်ရွက်တော့တပ်ပြီးသွားပြီလေထဲပျံဝဲတက်သွားအောင် ကျုပ်ရဲ့ လက်နှစ်ဘက်ကို ခတ်ကြည့်ရမယ်…လို့အောင်ဟစ်ကာလက်ကို
အဆက်မပြတ် ခတ်ကြည့်သတဲ့။
   ဖလပ် ဖလပ် ဖလပ် …အမယ်လေး မလွယ်ပါလား ။လက်သာပြုတ်ထွက်တော့မယ်မြေကြီး ပေါ်ကနေ တစ်လက်မလောက်တောင်လေထဲကို ပျံမတက်ပါလား.. လို့ညည်းညူလိုက်တယ်။ ဒီတော့ကိုကျီးက…ဟာမင်းကပျံတဲ့အကျင့်မှ မရှိသေးတာ။ဒီတော့မြေပြင်မှာခတ်နေမယ့် အစား ဟိုသစ်ပင်ကြီးပေါ်တက်ပြီးအရှိန်နဲ့ခုန်ချကြည့်ပေါ့။ဒါမှလေထဲမှာပျံဝဲပြီး ပျံတက်လာမှာပဲ …လို့အားပေးစကားပြောလိုက်တယ်။ကြွက်လေးလည်းပထမနည်းနဲ့ မအောင်မြင်တော့နောက်
တစ်နည်းနဲ့စမ်းကြည့်ဖို့ သဘောတူလိုက်တယ်။ ဟာ ကိုကျီးအကြံမဆိုးဘူး လုပ်ကြည့်မယ်။
လို့ပြော ပြောဆိုဆိုနဲ့ သစ်ပင်ပေါ်တက်ပြီး ခုန်ကြည့်လိုက်တယ်။ ဒီတစ်ခါမှာတော့ ကြွက်ကလေးဟာ လေထဲမှာ ပျံဝဲ မနေဘဲမြေပြင်ပေါ်ကို ဘုတ်ခနဲ ပြူတ်ကျသွားတော့တယ်။ အမယ်လေးသေပါပြီဗျ…လို့အောင်လိုက်မိတယ်။ကိုကျီးလည်း သူ့အကြံမအောင်မြင်တော့ လစ်ပြေး တော့တာပေါ့။ ဒါပေမယ့်ကြွက်ကလေးဟာအမှတ်မရှိသေးဘဲ နောက်တစ်ဦးဆီမှာ ထပ်ပြီးအကြံတောင်းဖို့စဉ်းစားပြီး လမ်းလျောက်လာလိုက်တာ…ဟာဖိုးကြွက်လက်မှာသစ်ရွက် တွေကပ်လို့ဘာလုပ် ဖို့လဲ..လို့ကိုကြက်ဖက နှုတ်ဆက်လိုက်မှ ကိုကြက်ဖဆီမှာ
အကူအညီ တောင်းဖို့သတိရသွား တော့တယ်။ဒါနဲ့ကြွက်လေးက…ကျွန်တော်လေထဲမှာ ပျံချင်လို့ လေ့ကျင့်နေတာ ခင်ဗျားမှာ နည်းလေးဘာလေးရှိရင် သင်ပေးစမ်းပါဦး …လို့ကြက်ဖကြီးကို အကူအညီတောင်းလိုက်တယ်။ကိုကြက်ဖက..ဒါလားလွယ်ပါတယ် မင်းကို ငါလက်တွေ့သင်ပြမယ်။ကဲဟောဒီိလို သစ်ပင်ပေါ်ကိုအရင်ခုန်တက်ပြီးတော့
ဒီလိုတောင်ပံကိုဖြန့် ခေါင်းကိုမော့ပြီး ခြေထောက်နဲ့ကန်ပြီးဆင်းလိုက်…လို့ဆိုပြီး သစ်ပင်ပေါ်ကနေ ခုန်ပြီးပျံပြတာပေါ့။ဒါနဲ့ကြွက်လေးလည်း ပျံကြည့်ဖို့လုပ်တော့ကိုကြက်ဖက..
နေဦးကွမင်းလက်ကသစ်ရွက်တွေကလေးတယ် ခတ်လို့ မကောင်းဘူးဒီတော့ငါ့ဆီက အတောင်သုံးလေးချောင်းနှုတ်ပြီးမင်းရဲ့ကိုယ်မှာ အတောင်တွေ သေချာတပ်ပေးမယ်…
နောက်ပြီးကြာကြာပျံဝဲလို့ရအောင် ဟိုးနားက ကျောက်တောင် စွန်းပေါ်ကနေတက်ပြီး ခုန်ချကြည့်..လို့ပြောပြောဆိုဆိုနဲ့သူကိုယ်ကအတောင်တွေ နှုတ်ပေး လိုက်တယ်..
ကိုကြက်ဖပြောတဲ့အတိုင်းကြွက် ကလေးဟာ ပြေးသွားပြီး ကျောက်တောင်စွန်းကနေတစ်ခါတည်းခုန်ချလိုက်တာ အပေါ်ကိုပျံဝဲတက်လို့မရဘဲ အောက်ဘက်ကို ဇောက်ထိုး ပြုတ်ကျတော့သတဲ့။ကြွက်လေးပြုတ်ကျနေတာကို အနီးအနားက ဖြတ်ပျံသွားတဲ့  ငှက်ကြီးတစ်ကောင်ကတွေ့လို့အောက်မကျခင်အချိန်မီလေးသူ့ရဲ့ကျောနဲ့ဝင်ခံပေးလိုက်
ပါရောကွယ်။
 ကြောက်ကြောက်လန့်လန့်နဲ့ပြုတ်ကျလာတဲ့ကြွက်လေးဟာ ငှက်ကြီးရဲ့ ကိုယ်ပေါ်ကိုဘုတ်ခနဲ ကျတော့မှ သူ့ကိုယ်သူ မသေနိုင်တော့ဘူးဆိုပြီး ဝမ်းသာသွားတော့တယ်။
   ဒီတော့မှငှက်ကြီးက..မင်းလုပ်တာအားလုံးအစအဆုံးငါကြည့်နေတာကွ
မင်းဟာမဖြစ်နိုင်တာကို စိတ်ကူးတွေယဉ်ပြီး ဇွတ်လုပ်နေတာပဲကိုး ဟိုးအောက်ဘက်ကို သေချာကြည့်စမ်း ကျောက်တုံး ကျောက်ခဲတွေနဲ့ကံကောင်း
လို့မင်းမသေတာ…လို့သူ့ကိုပြောပြလိုက်တယ်။
    ကြွက်လေးလည်း …ကျေးဇူးပါပဲ ဒေါ်ငှက်မသာမကယ်ရင် ကျွန်တော်တော့ အရိုးတခြား အသားတစ်ခြား ဖြစ်လောက်ပြီ …လို့ပြန်ပြောတာပေါ့။ဒီတော့ ဒေါ်
ငှက်မက…အေး မင်း နောင်တရပြီဆိုရင် နောင်ကို ကိုယ့်သဘာဝပေးတဲ့ အတိုင်း
နေပါကွယ်။ မဖြစ်နိုင်တာကို အားမကျပါနဲ့ ဟုတ်ပြီလား…လို့ ဆုံးမလိုက်သတဲ့။
 ကြွက်ကလေးလည်း ဒေါ်ငှက်ကိုကျေးဇူးတင်ကြောင်ပြောပြီး ကိုယ့်သဘာဝ
ပေးအခြေအနေအတိုင်းပဲ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ။
www.kohtun.co.cc ......Login
 
Username:
Password:
Download Myanmar Font
 
Myanmar Zawgyi-One Font

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

ရေးချင်တာရေးဖို့
 
 
Today, there have been 73 visitors (159 hits) on this page!
kohtun©Copyright 1999-2008
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free